Events
“73rd Bangkok Gems & Jewelry Fair BGJF 2026” သို့ မြန်မာနိုင်ငံမှ ပါဝင်ပြသမည်
Updated At: 2026-01-10 14:51:11
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် အပြည်ပြည်ဆိုင်ရာကုန်သွယ်မှုမြှင့်တင်ရေးဦးစီးဌာန (DITP) မှကြီးမှူး၍ Queen Sirikit National Convention Center (QSNCC) ၌ ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၂ ရက်နေ့မှ ၂၆ ရက်နေ့အထိ “73rd Bangkok Gems & Jewelry Fair BGJF 2026” ကို ကျင်းပပြုလုပ်မည်ဖြစ်ပါသည်။ ပြပွဲတွင် မြန်မာနိုင်ငံ ကျောက်မျက်ရတနာလုပ်ငန်းရှင်များအနေဖြင့် DITP မှ ထောက်ပံ့သော ပြခန်း (၄) ခန်းနှင့် မိမိအစီအစဉ်ဖြင့် ပြခန်း (၃) ခန်း ပါဝင်ပြသမည်ဖြစ်ပါသည်။
အဆိုပါပြပွဲကို နှစ်စဉ် ဖေဖော်ဝါရီလနှင့် စက်တင်ဘာလတို့တွင် ထိုင်းနိုင်ငံတွင် ကျင်းပလျက်ရှိပြီး မြန်မာနိုင်ငံမှ ကျောက်စိမ်း၊ ပတ္တမြား၊ နီလာ၊ ပုလဲ စသည့် ကျောက်မျက် ရတနာပစ္စည်းများ ပါဝင်ပြသရောင်းချခြင်းဖြင့် မြန်မာ့ကျောက်မျက်ရတနာများကို နိုင်ငံတကာ ဝယ်ယူသူများထံ မိတ်ဆက်မြှင့်တင်ပေးလျက်ရှိကြောင်း သတင်းရရှိပါသည်။
မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့
Event Details
- Date
- ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၂ ရက်နေ့မှ ၂၆ ရက်နေ့အထိ
- Location
- ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ Queen Sirikit National Convention Center (QSNCC)
- Website
- www.myantrade.gov.mm
More Events
အမျိုးသားပို့ကုန်မဟာဗျူဟာ (၂၀၂၆-၂၀၃၀) အကောင်အထည်ဖော်ရေး ညှိနှိုင်းအစည်းအဝေး
Date: 3rd, February 2026